Loss
ဘဝက ရယ်ရသည်။
စုတ်ပြတ်သတ်အောင်ပြိုလဲချိန်တွေ
ကိုယ်တိုင်ပျောက်ဆုံးနေချိန်တွေ
အသုံးမဝင်ဘူးလို့ ခံစားနေရချိန်တွေ
တစ်စုံတစ်ယောက်ဆီမှာတောင်ကိုယ်ဟာအရေးမပါခဲ့ဘူးလို့ခံစားနေရချိန်တွေမှာ
လဲပြိုကျစရာရင်ခွင်မရှိ။
ဘယ်သူ့ကိုရင်ဖွင့်လို့ဖွင့်ရမှန်းလဲမသိ။
ရည်းစားရှိသည်။
သိပ်မကြာခင်မှာလဲ ရှိခဲ့သည်ဖြစ်သွားနိုင်သည်။
ခက်တာက ပြိုလဲချိန်တွေမှာ လုံခြုံစေမယ့်ရင်ခွင်မရှိ။ အဆင်မပြေချိန်မှာ ကိုယ့်ဟာကိုယ် ဂျောင်မှာထိုင်နေရုံသာ။ မဟုတ်လဲ အိပ်ယာထဲခွေနေရုံပဲတတ်နိုင်သည်။ အချိန်တိုင်းstrongဖြစ်နေရပေသိ အားနည်းချိန်တွေလဲရှိသည်။ စိတ်ပျက်အားငယ်ချိန်တွေမှာ အနားမှာဘယ်သူမှမရှိ။ ရည်းစားနှင့်လဲပြဿနာတက်နေသည်ကများသည်။
တတ်တော့လဲမတတ်နိုင်။ သူဟာ စိတ်ခံစားချက်တွေကိုဦးစားပေးတတ်သလား။ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုဦးစားပေးတတ်သလားမသိ။ သူလိုချင်တဲ့ပုံစံကိုလဲမသိ။ ချစ်တာတော့ချစ်သည်။ သို့သော် ကိုယ်ချစ်တဲ့ပုံစံဟာ သူလိုချင်တဲ့ပုံစံဖြစ်မည်မဟုတ်။
သူပြောဖူးသည်။ တကယ်ချစ်သည်ဆိုလျှင် အရှိအတိုင်းလက်ခံ၍ချစ်ပေးနိုင်ရမည် တဲ့။ အချိန်အတန်ကြာပြီးနောက် သူ့ရဲ့ပုံစံကိုလက်ခံနိုင်ခဲ့သည်။ သို့သော် သူကားမတူတော့။ တဖြည်းဖြည်းနဲ့ကိုယ့်ကိုအလိုမကျနိုင်ဖြစ်လာသည်။ မချစ်ဘူးဟုထင်သည်။ ဂရုမစိုက်ဟုထင်သည်။ ကိုယ်တတ်နိုင်သမျှပေးနေရင်းနှင့်ပင် သူ့အတွက်မလုံလောက်ကာ အလိုမကျမှုတွေများလာသည်။
သူ
သူသည် ကိုယ့်ကိုရုပ်ဝတ္ထုများစွာဖြည့်စည်းပေးခဲ့သည်။ တကယ်ကျေးဇူးတင်မိပါသည်။ အပြန်အလှန်အားဖြင့် ကိုယ့်မှာ ရုပ်ဝတ္ထုတွေ ဖြည့်စည်းပေးနိုင်စွမ်းမရှိ။ ခံစားချက်တွေ စိတ်ပိုင်းဆိုင်ရာသာပေးနိုင်သည်။ သို့သော် ထိုအရာတွေကား သူအတွက် မလုံလောက်တော့ချေ။
အမှန်အတိုင်းဆိုရလျှင် ကိုယ်ပေးခဲ့သလောက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ သူ့ဆီကလဲပြန်လိုချင်သည်။ anniversaryနေ့တွေဆို ကိုယ်က ချစ်ကြောင်းပြောရသည်။ မေ့နေခဲ့သော် အပြစ်တင်ခံရသည်။ သူ့ဆီကတော့ anniversaryအကြောင်းဦးအောင်လာပြောတာမရှိ။ သူမေ့နေလဲကိစ္စမရှိ။ ကိုယ့်မွေးနေ့လဲသူမေ့သည်။ သူ့မွေးနေ့မေ့လျှင်တော့သေချာသည်။ မိုး မီးလောင်လိမ့်မည်။
သူက ဂရုစိုက်ခံချင်သည်။ ဦးစားပေးခံချင်သည်။ အချစ်ခံချင်သည်။ နားလည်ပေးတာလိုချင်သည်။ သူနဲ့ပတ်သက်ရင် အစစအရာရာ သူပိုင်ချင်သည်။
ငါ့အတွက်ကျတော့ရော.......
မရှိခဲ့။
ငါ့အတွက် ရုပ်ဝတ္ထုပစ္စည်းတွေသာရှိသည်။
ချစ်ခြင်းကိုခံစားရတဲ့ ရင်ခွင်မရှိ။
နားလည်မှုဆိုတဲ့ရင်ခွင်မရှိ။
အကြိုက်တူတာမရှိ။ အကျင့်တူတာမရှိ။ ဇာတ်ကားတွေအကြောင်းပြောလို့မရ။
ဂီတအကြောင်းပြောလို့မရ။
စိတ်ဝိညာဉ်ခြင်းမနီးစပ်ခဲ့။
ကိုယ့်ဖက်ကချစ်ပေးခဲ့သမျှ တန်ဖိုးထားခံခဲ့ရခြင်းမရှိ။
မလုံလောက်သေး ဟူရွေ့သာ.....။
Comments
Post a Comment