Dark Side


Facebookမှာ ခဏခဏ တွေ့မိတဲ့အရာလေး

ကိုယ့်dark sideကတော့ အကျင့်မကောင်းတာ၊အတွေးလွန်တတ်တာ၊ဟန်ဆောင်တတ်တာ ဘာညာ၊ အတွဲတွေဆိုရင်လဲ dark sideကိုမြင်လို့ ဖြတ်သွားတယ်ပေါ့။ တစ်ရာဖိုးသုံးပုဒ်တန်pageတွေကရေးကလေးတွေက ရှဲ ပြီးfeelနဲ့။ဟုတ်တော့ဟုတ်နေသား။

            သူတို့တွေအထင်က အဲ့ဒါလေးတွေကို သူတို့တွေရဲ့dark side လို့ထင်နေကြတယ်။ပြောရရင် အိမ်နဲ့အဆင်မပြေလို့ ဘယ်သူနဲ့မှစကားမပြောတာ၊အတွေးလွန်တာ၊ကြေကွဲတယ်ဆိုပြီး အသားတွေဓားနဲ့လှီးတာ(ဒီနေရာမှာ ကိုယ့်ကိုကိုယ်နာကျင်အောင်လုပ် ဓားနဲ့လှီးတတ်တဲ့ အကျင့်ဆိုးတွေရှိခဲ့ဖူးသူတွေ အတိတ်ဆိုးတွေရှိခဲ့ဖူးတဲ့သူတွေကို မရည်ရွယ်ပါ)စတဲ့ စတဲ့ dark sideအမည်တပ်ပြီး ပေါ်ပင်ချင်နေသူတွေအတွက် dark sideဆိုတာ ဘာလဲဆိုတာရယ်။ဘယ်လောက်ထိလူကိုဒုက္ခပေးနိုင်လဲဆိုတာရယ်ကိုပဲသိအောင်ရေးပြချင်တာပါ။အပေါ်ကပြောခဲ့တာတွေက bad habbit သာသာပဲရှိတဲ့အရာတွေ၊ ဘယ်လိုမျိုးတွေလဲဆိုရင် တစ်ယောက်ထဲရှိနေတုန်း အနာဖေးတွေခွာစားတာမျိုး၊ သူများအဝတ်လဲရေချိုးတာတွေချောင်းကြည့်ချင်တာမျိုး၊ ကိုယ်လေလည်တဲ့အနံ့ကို ပြန်ရှူတတ်တာမျိုး၊ ခွေးလေးကြောင်လေးတွေ တွေ့ရင် ဖြတ်ကန်ပစ်လိုက်ချင်တာမျိုး အဲ့လိုဟာတွေလောက်ပဲရှိတယ်။bad habbitဆိုတာက စိတ်ရဲ့မြင်နိုင်တဲ့အခြမ်းမှာပဲရှိနေသေးတယ်။ ကိုယ့်ကို လွှမ်းမိုးမသွားနိုင်တဲ့အရာတွေ။

          Dark sideလို့ဆိုရရင် ရိုးရိုးလေးပြောရရင် အမှောင်ခြမ်းပေါ့။ တကယ်လဲ စိတ်ရဲ့အမှောင်ဖက်ခြမ်းပါပဲ။ဒါပေမယ့် ကိုယ်ကိုတိုင်တောင်မသိနိုင်တဲ့အရာတွေ။ ကိုယ့်ရဲ့အတွင်းစိတ်မသိစိတ်ထဲမှာပဲ ပုန်းကွယ်နေတတ်တဲ့ ကြောက်စရာအရာတွေပါပဲ။အဲ့ဒီအရာက ပေါ်ထွက်လာဖို့ခဲယဥ်းသလို ပေါ်ထွက်လာပြီဆိုရင်လဲ ကိုယ့်ကိုကိုယ်သိဖို့ခဲယဥ်းတယ်။ နေ့တိုင်း ကိုယ့်ကိုကိုယ်ပြန်မလေ့လာနေရင် ဘယ်လိုမှသိနိုင်မှာမဟုတ်ဘူး။ သိလိုက်ရရင်လဲ နောက်ကျသွားတာမျိုးတွေဖြစ်တတ်တယ်။ အဆင်ပြေနေတဲ့ relationshipတစ်ခုရှိနေပေမယ့် ပြဿနာဆိုးဆိုးဝါးဝါးမဟုတ်ပဲ ဖြတ်ပစ်လိုက်မိတာမျိုး။ ဒေါသအလွန်အကျွံထွက်ပြီး လူသတ်လိုက်မိတာမျိုး။ အိမ်ထောင်တစ်ခု ဒါမှမဟုတ် sex partner တစ်ယောက်ရှိနေရဲ့သားနဲ့ အကြောင်းမဲ့သက်သက် ဖောက်ပြန်လိုက်မိတာမျိုး။ အဲ့လိုပုံစံတွေနဲ့ပေါ်ထွက်လာတတ်တာများတယ်။ Dark sideဆိုတာ ကိုယ်ဝန်ဆောင်တွေ ချဥ်ခြင်းတက် သလိုပဲ တစ်ယောက်နဲ့တစ်ယောက်မတူသလို ဥပမာပေးရတာလဲခက်တယ်။

တစ်ယောက်နဲ့တစ်ယောက်မတူသလို ပြင်းထန်ပုံခြင်းလဲကွာတယ်။

          ပတ်ဝန်းကျင်မှာကြားဖူးကြုံဖူးကြမယ်ထင်တယ်။ တစ်သက်လုံးအေးအေးဆေးဆေးနေလာတဲ့သူက ဒေါသအလျောက်လူသတ်မှုနဲ့ထောင်ထဲရောက်သွားတာမျိုး။ အမြဲတမ်းယဥ်ယဥ်ကျေးကျေးနေလာတဲ့သူက အော်ဆဲလိုက်တာမျိုး။ တစ်ခါမှ အရက်မသောက်တဲ့သူက အကြောင်းမဲ့ မူးရူးရမ်းကားနေတာမျိုး စသည်စသည် ပေါ့။

        Dark sideဆိုတာ ကျွန်တော်တို့ရဲ့အမှောင်ဖက်ခြမ်းပါပဲ။ ကိုယ်တိုင်လဲမမြင်နိုင်သလို ထွက်လာမှန်းလဲမသိနိုင်ဘူး။ လူတိုင်းမှာရှိနေတဲ့အရာပေမယ့် ကိုယ်ကိုယ်တိုင်အပြင် တခြားဘယ်သူမှလက်မခံနိုင်တဲ့ ကိုယ့်ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ ကိုယ့်ရဲ့မကောင်းတဲ့ ကိုယ် ပေါ့။ နေ့စဥ်ဘဝမှာ အဆင်မပြေတာတွေများနေတဲ့အချိန်တွေ၊ ကိုယ့်စိတ်ထဲမှာ negativeအမြင်တွေများနေတဲ့အချိန်တွေ၊ ဒေါသအရမ်းထွက်နေတဲ့အချိန်တွေ၊ အလိုမကျမှုတွေများနေတဲ့အချိန်တွေ၊ အထူးသဖြင့် အဖက်ဖက်က ဖိနှိပ်မှုတွေခံနေရတဲ့အချိန်တွေ၊ pressureတွေ ပိနေတဲ့အချိန်တွေ စတဲ့ မကောင်းတဲ့အချိန်တွေ မှာ ကိုယ့်ရဲ့ dark sideဟာ ပေါ်လာတတ်တယ်။ Dark sideဆိုတာကြီးကေါ်ထွက်လာတဲ့အခါ မလုပ်ရဲတာဘာမှမရှိတော့ဘူး။အထူးသဖြင့် မကောင်းတာတွေ၊ လူပဲသတ်မလား၊ suicideပဲလုပ်မလား၊ သူများပစ္စည်းပဲခိုးမလား၊ cheating on your partner၊ အလုပ်မှာအဆင်မပြေလို့ အထက်လူကြီးကိုအော်ဆဲမလား၊ အရင်က ကိုယ်မလုပ်ရဲတဲ့ မလုပ်ချင်ခဲ့တဲ့ မကောင်းမှုတွေဟာ အဲ့ဒိီအချိန်မှာ လုပ်ဖို့အဆင်သင့်ဖြစ်နေလိမ့်မယ်။ မြင်သာအောင်ပြောရရင် "ကျားနာခဲ ခဲတယ်"ဆိုတဲ့စကားပုံလိုပါပဲ။

အဲ့ဒီခဏလေးအတွင်းမှာ ကိုယ်ဟာ တခြားသူတစ်ယောက်နီးနီးဖြစ်သွားလိမ့်မယ်။ ပြန်မထိန်းချုပ်နိုင်ရင်လဲ ကိုယ်တန်ဖိုးထားရတဲ့အရာတွေ ပျက်စီးဆုံးရှုံးသွားနိုင်တယ်။

       Dark sideဆိုတာ ကိုယ်ကိုယ်တိုင်လဲမသိနိုင်သလို တခြားဘယ်သူမှလဲမမြင်နိုင်တဲ့အရာပါ။တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ the other bad oneပါပဲ။ သူဘယ်အချိန်ပေါ်ထွက်လာမလဲမသိနိုင်သလို ဘယ်လောက်ထိဆိုးဝါးသွားနိုင်သလဲဆိုတာလဲ ဘယ်သူမှမသိနိုင်ပါဘူး။ သေချာတာက မထိန်းချုပ်နိုင်ခဲ့ရင် ခင်ဗျားတို့ရဲ့ဘဝကြီးပျက်စီးသွားနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ ထိန်းချုပ်ချင်တယ်ဆိုရင်တော့ အမြဲတမ်း ကိုယ့်ကိုကိုယ်ဝေဖန်ဆန်းစစ်ပါ၊ ကိုယ့်စိတ်ကို အမြဲတမ်းသတိပြုပါ။ အထူးသဖြင့် အဆင်မပြေမှုတွေကြုံနေရတဲ့အချိန်မျိုးတွေမှာပေါ့။


Comments

Popular posts from this blog

ကုလားမ

စွဲလမ်းခြင်း

Help us. We are from Myanmar